Blogs

Discover our latest products, knowledge sharing posts and comprehensive courses

Image for E-Queue Application Launch

E-Queue Application Launch

E-Queue is an innovative E-Commerce platform designed to streamline online shopping by integrating a virtual queuing system. It allows customers to browse, select items, and then virtually "join a line" for high-demand products, limited releases, or during peak traffic times. This system minimizes website crashes, ensures fair access, and provides a smoother, less frustrating shopping experience, preventing the typical rush and competition often found in flash sales or exclusive product launches...

Read More →
Image for E-Queue Application Launch

သင့်လုပ်ငန်း အကြောင်း ပြောပြနေတဲ့ ကိန်းဂဏန်းများ

ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းက အမြတ်ရလား၊ အရင်းကိုက်ရုံလား၊ အရှုံးပေါ်နေပြီလား၊လက်ထဲ ရှိတဲ့ငွေအကုန်လုံးက ကိုယ်ဟာတွေလား၊ ရင်းနှီးထည့်ဝင်ထားတဲ့ ငွေတွေက ဘယ်ရောက်သွားပြီလဲ ၊ ဘာတွေသုံးထားလဲ၊ ရှေ့အလားအလာ က ဘယ်လိုလဲဆိုတာ သိချင်ကြမှာပါ။ သိမှလဲ လိုအပ်တာကို ပြင်ဆင်နိုင်မယ် ၊ အချိန်မီ ကုစားနိုင်မယ် မဟုတ်လား။ ကိုယ့်လုပ်ငန်းအကြောင်းကိုယ်သိဖို့ဆိုရင် လုပ်ငန်းရှင်က စာရင်း(Accounting) အကြောင်း သိဖို့လိုပါမယ် ။ ဘာလို့လဲဆိုတော့ စာရင်းတွေက လုပ်ငန်းအကြောင်းပြောပြတဲ့ ဘာသာစကားမို့ပါ၊ Accounting is the language of business လို့ ဆိုတာကိုး။ ဒီစကားရပ်ဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေကို နားလည်ဖို့နဲ့ ဆုံးဖြတ်ချက် တွေ ချမှတ်ဖို့အတွက် Accounting ဟာ အရေးပါတဲ့ ဘာသာစကားတစ်ခုဖြစ်ကြောင်း ဖော်ပြထားတာ ပါ။ လုပ်ငန်းရှင်က Accounting Knowledge ရှိရင် ကိုယ့်လုပ်ငန်းရဲ့ - 1. ငွေကြေးကို စီမံခန့်ခွဲနိင်မယ် ၊ 2. အခွန်နှင့် ဥပဒေရေးရာ ကိစ္စများ စဉ်းစားနိင်မယ်၊ 3. ကိုယ့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးအစီရင်ခံစာ (Financial Reporting) တွေကို နားလည်မယ်၊ ကျန်တာကို နောက်နေ့ဆက်ပြောပါမယ်

Read More →
Image for E-Queue Application Launch

သင့်လုပ်ငန်း အကြောင်း ပြောပြနေတဲ့ ကိန်းဂဏန်းများ(၂)

လုပ်ငန်းရှင်က Accounting Knowledge ရှိရင် ကိုယ့်လုပ်ငန်းရဲ့ စီးပွားရေးဆုံးဖြတ်ချက်ကို မှန်မှန် ကန်ကန် ချနိုင်မယ်၊ လုပ်ငန်းတိုးချဲ့မှုနှင့် ရေရှည်တည်တံ့မှု အတွက် ဘာတွေလုပ်ရမယ်ဆိုတာ သိနိင်မယ်၊ အချိန်နှင့် ကုန်ကျစရိတ်သက်သာမှု တွေမှာ အများကြီး စီမံ ခန့်ခွဲ ဆုံးဖြတ် ပေးနိုင်မှာပါ။ အသေးစိတ်ရှင်းပြရရင် Accounting Knowledge ရှိတဲ့ လုပ်ငန်းရှင်နဲ့ Accounting Knowledge မရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းအပေါ်သက်ရောက်မှုက မတူပါဘူး အဓိက ကွာခြားချက်တွေက ~ 1. ငွေကြေးစီမံခန့်ခွဲမှု Accounting Knowledge ရှိသူ ~ လုပ်ငန်း၏ ဝင်ငွေ၊ ထွက်ငွေ၊ အမြတ်၊ အရင်းနှီးမြှုပ်နှံမှုများကို အတိအကျ ခြေရာခံနိုင်ပြီး ဘဏ္ဍာရေး အချက်အလက်များအပေါ် အခြေခံကာ ဆုံးဖြတ်ချက်များ ချနိုင်သည်။ Accounting Knowledge မရှိသူ ~ ငွေစီးဆင်းမှု (Cash Flow) ကို မှားယွင်းစီမံမိတတ်ပြီး အချိန်မီ ဘဏ္ဍာရေး အခက်အခဲများ ကြုံနိုင်သည်။ 2. အခွန်နှင့် ဥပဒေရေးရာ ကိစ္စများ Accounting Knowledge ရှိသူ ~ အခွန်အခများကို ဥပဒေနှင့်အညီ မှန်ကန်စွာ တွက်ချက်နိုင်ပြီး အခွန်ရှောင်တာမျိုး မဖြစ်စေရန် ကာကွယ်နိုင်သည်။ Accounting Knowledge မရှိသူ ~ အခွန်အခများကို မှားယွင်းတွက်ချက်မိပြီး ဥပဒေနှင့်အညီ မဖြေရှင်းနိုင်သဖြင့် ဒဏ်ငွေပေးရနိုင်သည်။ 3. ဘဏ္ဍာရေးအစီရင်ခံမှုများ (Financial Reporting) Accounting Knowledge ရှိသူ ~လုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေကို ရှင်းလင်းစွာ သိရှိနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်များနှင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးနိုင်သည်။ Accounting Knowledge မရှိသူ ~အစီရင်ခံစာတွေရဲ့ မှားယွင်းတတ်မှု ကို မထောက်ပြနိုင်လို့ ရင်းနှီးမြှုပ်နှံမှုရရှိထို့မှာ အခက်အခဲဖြစ်စေနိုင်သည်။

Read More →