Oct 17, 2025
သင့်လုပ်ငန်း အကြောင်း ပြောပြနေတဲ့ ကိန်းဂဏန်းများ
ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းက အမြတ်ရလား၊ အရင်းကိုက်ရုံလား၊ အရှုံးပေါ်နေပြီလား၊လက်ထဲ
ရှိတဲ့ငွေအကုန်လုံးက ကိုယ်ဟာတွေလား၊ ရင်းနှီးထည့်ဝင်ထားတဲ့ ငွေတွေက ဘယ်ရောက်သွားပြီလဲ ၊ ဘာတွေသုံးထားလဲ၊ ရှေ့အလားအလာ က ဘယ်လိုလဲဆိုတာ သိချင်ကြမှာပါ။ သိမှလဲ လိုအပ်တာကို ပြင်ဆင်နိုင်မယ် ၊ အချိန်မီ ကုစားနိုင်မယ် မဟုတ်လား။
ကိုယ့်လုပ်ငန်းအကြောင်းကိုယ်သိဖို့ဆိုရင် လုပ်ငန်းရှင်က စာရင်း(Accounting) အကြောင်း သိဖို့လိုပါမယ် ။
ဘာလို့လဲဆိုတော့ စာရင်းတွေက လုပ်ငန်းအကြောင်းပြောပြတဲ့ ဘာသာစကားမို့ပါ၊
Accounting is the language of business လို့ ဆိုတာကိုး။
ဒီစကားရပ်ဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေကို နားလည်ဖို့နဲ့ ဆုံးဖြတ်ချက် တွေ ချမှတ်ဖို့အတွက် Accounting ဟာ အရေးပါတဲ့ ဘာသာစကားတစ်ခုဖြစ်ကြောင်း ဖော်ပြထားတာ ပါ။
လုပ်ငန်းရှင်က Accounting Knowledge ရှိရင် ကိုယ့်လုပ်ငန်းရဲ့ -
1. ငွေကြေးကို စီမံခန့်ခွဲနိင်မယ် ၊
2. အခွန်နှင့် ဥပဒေရေးရာ ကိစ္စများ စဉ်းစားနိင်မယ်၊
3. ကိုယ့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးအစီရင်ခံစာ (Financial Reporting) တွေကို နားလည်မယ်၊
ကျန်တာကို နောက်နေ့ဆက်ပြောပါမယ်။
