Image for E-Queue Application Launch

သင့်လုပ်ငန်း အကြောင်း ပြောပြနေတဲ့ ကိန်းဂဏန်းများ (၂)

လုပ်ငန်းရှင်က Accounting Knowledge ရှိရင် ကိုယ့်လုပ်ငန်းရဲ့ စီးပွားရေးဆုံးဖြတ်ချက်ကို မှန်မှန် ကန်ကန် ချနိုင်မယ်၊ လုပ်ငန်းတိုးချဲ့မှုနှင့် ရေရှည်တည်တံ့မှု အတွက် ဘာတွေလုပ်ရမယ်ဆိုတာ သိနိင်မယ်၊ အချိန်နှင့် ကုန်ကျစရိတ်သက်သာမှု တွေမှာ အများကြီး စီမံ ခန့်ခွဲ ဆုံးဖြတ် ပေးနိုင်မှာပါ။

အသေးစိတ်ရှင်းပြရရင် Accounting Knowledge ရှိတဲ့ လုပ်ငန်းရှင်နဲ့ Accounting Knowledge မရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းအပေါ်သက်ရောက်မှုက မတူပါဘူး အဓိက ကွာခြားချက်တွေက-

1. ငွေကြေးစီမံခန့်ခွဲမှု Accounting Knowledge ရှိသူ - လုပ်ငန်း၏ ဝင်ငွေ၊ ထွက်ငွေ၊ အမြတ်၊ အရင်းနှီးမြှုပ်နှံမှုများကို အတိအကျ ခြေရာခံနိုင်ပြီး ဘဏ္ဍာရေး အချက်အလက်များအပေါ် အခြေခံကာ ဆုံးဖြတ်ချက်များ ချနိုင်သည်။ Accounting Knowledge မရှိသူ - ငွေစီးဆင်းမှု (Cash Flow) ကို မှားယွင်းစီမံမိတတ်ပြီး အချိန်မီ ဘဏ္ဍာရေး အခက်အခဲများ ကြုံနိုင်သည်။

2. အခွန်နှင့် ဥပဒေရေးရာ ကိစ္စများ Accounting Knowledge ရှိသူ - အခွန်အခများကို ဥပဒေနှင့်အညီ မှန်ကန်စွာ တွက်ချက်နိုင်ပြီး အခွန်ရှောင်တာမျိုး မဖြစ်စေရန် ကာကွယ်နိုင်သည်။ Accounting Knowledge မရှိသူ - အခွန်အခများကို မှားယွင်းတွက်ချက်မိပြီး ဥပဒေနှင့်အညီ မဖြေရှင်းနိုင်သဖြင့် ဒဏ်ငွေပေးရနိုင်သည်။

3. ဘဏ္ဍာရေးအစီရင်ခံမှုများ (Financial Reporting) Accounting Knowledge ရှိသူ - လုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေကို ရှင်းလင်းစွာ သိရှိနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်များနှင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးနိုင်သည်။ Accounting Knowledge မရှိသူ - အစီရင်ခံစာတွေရဲ့ မှားယွင်းတတ်မှု ကို မထောက်ပြနိုင်လို့ ရင်းနှီးမြှုပ်နှံမှုရရှိထို့မှာ အခက်အခဲဖြစ်စေနိုင်သည်။